မိုင်းခတ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

မိုင်းခတ် အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား  MaskCampaign ပြုလုပ်၍ Mask နှင့် FaceShield များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့် ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေးများ အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာ‌ပေးလုပ်ငန်းများကို ယမန်နေ့နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ MaskCampaign ပြုလုပ်ရာတွင် မိုင်းခတ်မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး‌၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများပူးပေါင်း၍မိုင်းခတ်မြို့၊ မြို့မစျေးအတွင်း၊ အပြင်ရှိဈေး‌ဆိုင်ခန်းများနှင့် လူစည်ကားရာနေရာများတွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်း Mask နှင့် FaceShield များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)