လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိဿာ ၅၂၀၀ ကျပ်ဖြင့် ရောင်းချပေး

လွိုင်လင် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်လက်လီလက်ကားစနစ်ဖြင့် ဆီ(၁)ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့မဈေးကြီးအနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်များမှာ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် လက်လီလက်ကားလာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း၊ စားသုံးသူမိဘပြည်သူများပြေလည်စေရန် ရည်ရွယ်၍ လာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ခရိုင်(ပြန်/ဆက်)