မိုင်းယောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက မော်တော်ယာဉ်မောင်းနှင်သူများ လောင်စာဆီထည့်ရာတွင် လိုက်နာရမည့်အချက်များကို ဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း၊ တောင်တက်လမ်းမောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များကို ဆွေးနွေးခဲ့သည်။
ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က မော်တော်ယာဉ်မောင်းနှင်သူသည် မော်တော်ယာဉ်နောက်ဆုတ်ချိန်တွင် လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့်အချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း