ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၃
ကိုဗစ်-၁၉ရောဂါအိုမီခရွန်မျိုးကွဲ B4 B5 ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေး ရောဂါဖြစ်ပွားမှုလျော့နည်းပပျောက်စေရေးအတွက် မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask များအား စနစ်တကျတပ်ဆင်အသုံးပြုနိုင်စေရေးအတွက် အသိပညာပေး ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B4 B5 ရောဂါပိုးကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းကို ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦစိုးသိန်းမှ ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက် အမှတ်(၅)ရပ်ကွက် မြို့လယ်လမ်းဆုံနေရာ၌ မြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ခရီးသွား ပြည်သူများအားပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စနစ်တကျတပ်ဆင်ခြင်း ရှိ/မရှိ အသိပညာပေး စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက် ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား အသိပညာပေးပြောကြားခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များအား အခမဲ့ပေးဝေပြီး စနစ်တကျတပ်ဆင်စေခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)