သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

သရက်ချောင်း  အောက်တိုဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးဌာနမှဦးစီးမှူး ဦးသက်နိုင်လွင်နှင့် အဖွဲ့များက သရက်ချောင်းမြို့ပေါ်ရပ်ကွက်များရှိ မီးဘေးစိုးရိမ်ရသောနေရာများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံ ရေးအတွက် ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်း၊ နေအိမ်များတွင်ထားရှိသော မီးသတ်ဆေးဘူးများအား ရက်လွန်ခြင်း ရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)