အင်းစိန်မြို့နယ်၊ မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်(၁၆)အိတ် သွားရောက်လှူဒါန်း

ရန်ကုန်   အောက်တိုဘာ   ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်အတွင်း ရဟန်း၊ သံဃာများ ဆွမ်းဆန်တော် လုံလောက်မှုရှိစေရန်ရည်ရွယ်၍ ဆွမ်းဆန်တော်(၁၆)အိတ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်သို့ သွားရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုနှင့်ဝန်ထမ်းများက ဆွမ်းဆန်တော်(၁၆)အိတ်ကိုလှူဒါန်းရာ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မင်္ဂလာလမ်း၊ မင်္ဂလာသီရိပရိယတ္တိစာသင်တိုက်ရှိတာဝန်ရှိသူမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)