ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်

ဘုတ်ပြင်း   အောက်တိုလာ  ၁၉

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဒုတိယအကြိမ်အဖြစ် သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းမှ သင်းတန်းဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဦးကြည်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းတွင် သင်ကြားမည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ (၁၀) ဦး တက်ရောက်ကြပြီး Body Shower ပြုလုပ်နည်း၊ Shampoo ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်း၊ ပန်းကန်ဆေး ဆပ်ပြာ ပြုလုပ်နည်း၊ ဘက်စုံသုံးဆပ်ပြရည် ပြုလုပ်နည်း၊ ပရုတ်ဆီပြုလုပ်နည်း၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်း၊ ဆပ်ပြအကြည်ပြုလုပ်နည်း၊ ဖယောင်းတိုင်ပြုလုပ်နည်းနှင့် PH Levek ပတ်သက်သည့် အကြောင်းအရာများကို သင်တန်းကာလ () ရက်အတွင်း သင်တန်းနည်းပြများက စာတွေ့ လက်တွေ့သင်တန်းပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)