မြစ်သား အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတများရရှိစေရန် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ အရောင်မျိုးစုံစပ်နည်းများ သိရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ နေ့ထူးနေ့မြတ်ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးဖြင့်လည်းကောင်း၊ စက္ကူခေါက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် (၁၃) ဦးဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား သောအသိ ပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)