တံတားဦး အောက်တိုဘာ ၁၉
တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ မြတ်ပညာခန်းမ၌ ကျင်းပကြောင်းသိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပညာရေးမှူး ဦးကျော်ကျော်မွန်က မိမိအနေဖြင့် ဦးစီးဌာန (ရုံးချုပ်)မှ ဆွေးနွေးသင်ကြားပေးခဲ့သော ပညာရပ်များကို မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ပညာရေးဌာနသည် အရေးကြီးသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းတည်ရှိသော ရပ်ကွက်၊ ကျေးရွာများရှိ စာသင်ကျောင်းများသည် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲခြင်းသည် အဓိက ကြပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ (၈)ဦး၊ အထက်တန်းကျောင်းခွဲမှ (၉)ဦး၊ အလယ်တန်းကျောင်းမှ(၁၀)ဦး၊ အလယ်တန်းကျောင်းခွဲမှ(၈)ဦး၊ စုစုပေါင်း ကျောင်အုပ်ဆရာကြီး၊ ဆရာမကြီးဦးရေး(၃၅) တက်ရောက်ကြပြီး ဆွေးနွေးပွဲကို(၂)ရက်ကြာ ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် မူလတန်းကျောင်အုပ်ဆရာကြီး၊ ဆရာမကြီးများကိုလည်း ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန် ထံမှသိရသည်။
ရဲတင့်