အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်  စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် စာငှား/ စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရုံးဌာနများအရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ရေချို၊ ရေငန်စပ်ဒေသဖြစ်ရာ ရေချိုရရှိသော လယ်မြေများတွင် ဆောင်းစပါး စိုက်ပျိုးလျက်ရှိရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန် ပြေကြေပြီးသူ တောင်သူများအား ၂၀၂၂ ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Oct 19,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၇) နာရီခွဲက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ ရှင်းလင်းဆောင်တွင်ကျင်းပသည့် မိုးရာသီ တစ်ဧက စပါးတင်း(၁၀၀)နှုန်းထွက်ရှိရေး စံပြကွက်ဧက(၁၀၀)၌ ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာ(၁׃၃)ရောစပ်ကြဲပက်ပွဲသို့ တက်ရောက်ခဲ့သည်။
Oct 19,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မစည်ပင်သာယာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်၁၀နာရီက မြို့မစည်ပင်သာယာစျေးအတွင်း၌ ပြုလုပ်ခဲ့သည်။
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက်၌ ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက် ပထမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးက ယနေ့နံနက်ပိုင်းတွင် ဝေါမြို့မစျေးကြီးအတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသောဆိုင်များသို့ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ Bella Plus Plaster နှင့်