ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာကျောင်းတိုက်၌ ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက် ပထမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှ ကြီးမှူး၍ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦး‌ကျော်သိန်းဆိုင်နှင့်တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သာသနာရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ကာ ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့်ပရိတ်ရေများ အသီးသီးကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက်"ဗုဒ္ဓသာသနံ စိရံတိဋတု"သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီးအလှည့်ကျပဋ္ဌာနဏတသံဃာတော်မှစ၍ မဟာသမယသုတ်နှင့် ပဋ္ဌာန်းဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

အဆိုပါ ပထမအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်ထိ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)