ညောင်တုန်း အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း mask များတပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးရန်နှင့်၊ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရန် ရှောင်ရန်များနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များ သိသင့်သိထိုက်သည့် အထွေထွေဗဟုသုတများကို ဟောပြောခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာမူလတန်းကျောင်း (ခေမာဝတီ)မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက mask များ၊ မုန့်နှင့် အအေးများကို ဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)