မာန်အောင်မြို့ မြို့မစည်ပင်သာယာစျေး မီးဘေးလုံခြုံရေးစစ်ဆေး အကြံပေးခြင်းများဆောင်ရွက်

မာန်အောင် အောက်တိုဘာ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့  မြို့မစည်ပင်သာယာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်၁၀နာရီက မြို့မစည်ပင်သာယာစျေးအတွင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အင်ဂျင်နီယာ ဒေါ်မြင့်မြင့်မိုးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စျေးကော်မတီအဖွဲ့ဝင်များက စျေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးထားရှိ/ မရှိ၊ မီးကပ်၊ မီးချိတ်၊ သဲအိတ်၊ ရေအိတ်ထားရှိ/ မရှိတို့ကို စစ်ဆေးပြီး မီးဘေးအန္တရာယ်ဖြစ်ပွားပါက ပြုလုပ်ရမည့် အကြောင်းအရာများကို အကြံပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)