ဝေါမြို့မစျေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသောဆိုင်များအား လိုက်လံစစ်ဆေး

ဝေါ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးက ယနေ့နံနက်ပိုင်းတွင် ဝေါမြို့မစျေးကြီးအတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသောဆိုင်များသို့ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plaster များတွင် ဆေးဝါးမှတ်ပုံတင်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ် ဆေးဆောင်ရွက်ပြီး စားသောက်ကုန်လုပ်ငန်းရှင်မျာနှင့် တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးပညာ‌ပေးဟောပြောရာတွင် ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးမှ ခရိုင်ဦးစီးမှူးဦးစိုးမိုးနှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ ဆေးဝါးမှတ်ပုံတင်ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ၊ စားသုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများအား တိုင်ကြားနိုင်သည့် Website များကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုလည်း ရှင်းပြသွားခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)