Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါင်းတည်၌ မိုးစပါး ၇၃၅၁၄ ဧက စိုက်ပျိုးရန်လျာထား
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစပါး ၇၃၅၁၄ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းအပ်နှံနေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး
May 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်"ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် (၉)နာရီအချိန်၌ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာကျောင်းအပ်နှံနေမှုအား ဟိုင်းကြီးကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရန်နှင့် မြို့နယ်အတွင်းရှိ ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၄၉၁၂၇) ကျောင်းအပ်နှံပြီးစီးကာ ဆက်လက်၍ ကျောင်းအပ်လက်ခံလျက်ရှိ
May 26,2025
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်စေရေးအတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံမှုများကို မေလ ၂၂ ရက်နေ့မှစကာ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်အထိ အခြေခံပညာကျောင်းအသီးသီးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံပြီးစီးသူ ၄၉၁၂၇ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာနယ်မြေမီးသတ်စခန်းရှိ ဒေါင့်ဖန်းမီးငြှိမ်းသတ်ယာဉ်အကြီးစားပြင်ဆင်စရိတ် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
May 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ချောင်းသာနယ်မြေမီးသတ်စခန်းရှိ ဒေါင့်ဖန်းမီးငြှိမ်းသတ်ယာဉ်အကြီးစားပြင်ဆင်စရိတ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ချောင်းသာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
May 26,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ)ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းမြို့နယ်၊ ဆန်စပါးလုပ်ငန်းအသင်းရုံးနေရာတွင် အသင်းသူ၊ အသင်းသူများက ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်ကျိုက်ခေါက်စေတီ ကြေးသွန်းမဟာမုနိတန်ဆောင်းတော်ရေစက်ချ မင်္ဂလာကျင်းပ
May 26,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီရှိ ကြေးသွန်းမဟာမုနိရုပ်ပွားတော်တန်ဆောင်းအား သန်လျင်မြို့ မြို့မဈေးကြီး ဈေးသူဈေးသားများနှင့် အလှူရှင်များ စုပေါင်းဆောက်လုပ်ခဲ့သော တန်ဆောင်းတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတန်ဆောင်းတော်ကြီး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ
May 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1540
Page
1541
Page
1542
Page
1543
Current page
1544
Page
1545
Page
1546
Page
1547
Page
1548
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department