အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jan 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၅-၂၀၂၆)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျင်းပသည်။
Jan 13,2026
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2026
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီးဘောလီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်တွင် အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 13,2026
ရေစကြိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး၊ ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသားမိဘများနှင့် မူလတန်းကြို သားငယ်၊ သမီးငယ်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ရေစကြိုမြို့မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 13,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာသို့ ‌ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)က ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 13,2026
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jan 13,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအတွက် ဒုတိယအကြိမ် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင်ဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။