အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယမန်နေ့ နံနက် ၁၁:၄၅ အချိန်တွင် ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြိုဆိုခဲ့ကြသည်။
Oct 31,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀)စုအတွက် စားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။
Oct 31,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့သည်။
Oct 31,2022
စစ်တွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အကွက်(၁၂) တွင် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
Oct 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ ယာဥ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး လုပ်ငန်းများအဖြစ် အနှေးယာဥ်များ၏ အရှေ့/အနောက် ရောင်ပြန်ပြား စတစ်ကာများ တပ်ဆင်ထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်၊ လမ်းမကြီးများပေါ်တွင် လိုက်လံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Oct 31,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု စုပေါင်းကျင်းပပြုလုပ်သည့် ဒဿမအကြိမ်မြောက် ဘုံကထိန်ပွဲတော်ကို ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာ မိုဃ်းသဲကျောင်းတိုက်ရှိ ပုရိမဝါမှ ထမြောက်တော်မူသော သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဂုဏဝတီကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 31,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌  နယ်သာလန် အာလူးမျိုး မာကီးစ် (Markies)အား စတင်စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် ပြည်ခရိုင်အတွင်းမြို့နယ်များမှ နို့စားနွားမွေးမြူထားကြသူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်မြို့ ဆည်မြောင်းရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူ သူများ တက်ရောက်သည်။