အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2022
ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနီး ဘီလူးချောင်း သဘာဝရေပြင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ငါးမွေးတောင်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Oct 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင်​ ဒေသတွင်းစားသုံးဆီဖူလုံ​မှု ရှိ​စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီက နေကြာသီးနှံစိုက်ပျိုးရေးတောင်သူ ပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ် မအူကျေးရွာအုပ်စုနှင့် စခန်းကြီးကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Oct 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက် (၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 31,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာတြိဂံလမ်းဆုံနှင့် လမ်းမတစ်လျှောက် ခရီးသွားပြည်သူများနှင့် စျေးရောင်းစျေးဝယ်များကို ပါးစပ်နှာခေါင်းစည်းများတပ်ဆင်သွားလာရေး အသိပညာပေး  Mask  Campaign ​ပြုလုပ်ကြသည်။
Oct 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပန်းတောရပ်ကွက်ကွင်းအမှတ် (၃၇၅) ဦးပိုင်အမှတ်(၂၃) တောင်သူဦးအောင်ဝင်း၏ ဆင်းသုခ(Seeder)စံပြမိုးစပါးစိုက်ခင်း (၂)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
Oct 31,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများကြဲပက်စိုက်ပျိုးထားသည့် မိုးနှောင်းနှမ်းများမိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ နှမ်းအပင်ဖြစ်နှုန်းကောင်းမွန်လျက်ရှိကြောင်း နှမ်းစိုက်ပျိူးတောင်သူများထံက သိရသည်။
Oct 31,2022
  တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အကြမ်းဖက်စဉ်ကြောင့် သေဆုံးသူအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ချီးမြှင့်ပေးအပ်သည့် ရွှေဖြင့်ပြုလုပ်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
Oct 31,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျောက်မဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊  မိခင်နှင့်ကလေးကျန်းမာရေးဌာနခန်းမ၌ ကျင်းပခဲ့​သည်။