အမြို့မြို့အနယ်နယ်သတင်းများ

Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီး​ဘေးသင့် မိသားစုဝင်အား ​ထောက်ပံ့​ငွေနှင့် မိသားစုအသုံးအ​ဆောင်များ ​ထောက်ပံ့​ပေးအပ်ခြင်းကို ယမန်​နေ့မွန်းလွှဲ ၂နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံးခန်း၌ ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။
Nov 02,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကိုလေ့လာခြင်းဖြင့် အားလပ်ရပ်များကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ အားကစားသင်တန်းများမှ ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ ယနေ့ နံနက် ၇ နာရီအချိန်၌ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးမတည် ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ  ယမန်​နေ့  နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို   မိုင်းဖြတ်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 02,2022
 တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ကျင်းပခဲ့သည်။
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်များမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း) ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။