Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးနဲမြို့နယ်၌ တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး၊လိုင်စင်မဲ့ မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များ ရောင်းဝယ်မှုမရှိစေရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်
Jun 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် တရားမဝင်ကုန်သွယ်မှုတားဆီး ရေးအဖွဲ့မှ ဦးဆောင်ပြီး တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ဝင်/ထွက်စစ်ဆေးရေး ဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင် မဟာရွှေသာလျောင်း(ပေါင်းလဲကြီး)ဘုရားနှင့် ရတနာပုဏ္ဏဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော်(မန္တလေး)သို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမ…
Jun 08,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ(၈)ရက်နေ့နံနက်ပိုင်းက တံတားဦးမြို့နယ်ရှိ သမိုင်းဝင်မဟာရွှေသာလျောင်း(ပေါင်းလဲကြီး) ဘုရားနှင့် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်တော်မူအပ်သော ရတနာပုဏ္ဏ ဝရဒါဌာ ဓာတုစေတီယ စွယ်တော်မြတ် စေတီတော်(မန္တလေး) သို့သွားရောက် ဖူးမြော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jun 08,2025
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်မြတ်ချမ်းသာ ဘုရားတန်ဆောင်းအတွင်း၌ ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Jun 08,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ညောင်လှရပ်ကွက် ကမ်းနားရပ် ဧရာဝတီမြစ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာ အောင်သံဃာစူဠဘွဲ့နှင်းသဘင်ပူဇော်ပွဲ အခမ်းအနား ကျင်းပ
Jun 08,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာအောင်သံဃာစူဠဘွဲ့နှင်း သဘင်ပူဇော်ပွဲ အခမ်းအနားကို ဘုရားလမ်းရပ်ကွက် မဟာဝိဇ္ဇောဒယကျောင်း တိုက်၌ ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော် ၁၂ ရက်ကြာ ကျင်းပမည်
Jun 08,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေး သည်များ၏ စုပေါင်းဈေးရောင်းပွဲတော်ကို အမှတ်(၁၄) ရပ်ကွက်ရှိ သီဟိုဠ်ရှင်ဘုရားပွဲတော် ကျင်းပရာနေရာများ၌ ဇွန်လ ၇ ရက်မှ ၁၈ ရက်နေ့အထိ ၁၂ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ်၌ ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံ တောင်ပြိုမြေပြိုမှုများကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျ…
Jun 08,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီက လင်းခေးမြို့နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ
Jun 08,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1450
Page
1451
Page
1452
Page
1453
Current page
1454
Page
1455
Page
1456
Page
1457
Page
1458
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department