အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် စျေးသူ စျေးသားများ ပူးပေါင်းကာ မီးငြှိမ်းသတ်ခြင်း သရုပ်ပြသမှုများကို မြို့မစျေးနှင့် ရွှေတည်စျေးတို့တွင် ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အ​ထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။
Dec 08,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာတောင်သူလယ်သမားများအား နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေးကွင်းဆင်း ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း (ခွဲ) ကျောင်းခန်းမ၌ ပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 08,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့အခြေခံပညာမူလတန်း(အောင်သပြေ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပထမအကြိမ် ဒီဇင်ဘာဖလား အမျိုးသားအလွတ်တန်း ဘောလုံး ပြိုင်ပွဲဖွင့်ပွဲကို ယမန်‌နေ့က မိုင်းလုံမြို့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။