Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်
Jun 12,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရခိုင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင် စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံတက္ကသိုလ်၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား
Jun 12,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ဒုတိယနှစ်ဝက်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(ပထမနှစ်ဝက်) ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများကို ဇွန်လ (၂) ရက်နေ့မှ စတင်၍ သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားချက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငလျင်ဘေးပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအာ…
Jun 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စုတွင် ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်စက်မှုဇုန်နှင့် ကျောက်တန်းစက်မှုနယ်မြေ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 11,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ မော်လမြိုင်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ရှင်းလင်းဆောင်တွင်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က “တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး”တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ရေရရှိရေးကို ဆောင်ရွက်ပြီးဖြစ်သလို လျှပ်စစ်မီးပိုမိုရရှိနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ MSME စီးပွားရေးလုပ်ငန်းအပါအဝင် အခြေခံလိုအပ်ချက်ဖြစ်သည့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ဖြစ်ကြောင်း၊ စက်မှုဇုန်အတွင်း နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့် ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်းထွက် ကုန်ကြမ်းများကိုအသုံးပြုပြီး ပြည်ပသွင်းကုန်များအစားထိုး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 11,2025
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကိုယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က မြို့လှမြို့အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ အလှကုန်ဆိုင်များ၊ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Jun 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာမှ ဦးဆောင်၍ အုတ်တွင်းမြို့နယ်၊ကျွဲပွဲမြို့မစျေးအတွင်းနှင့် စျေးပြင်ပတွင်ရောင်းချလျက်ရှိသော အလှကုန်ဆိုင်များ၊ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲကျင်းပ
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ မိုးစပါးစိုက်ပျိုးရာသီချိန်တွင် ကြဲခင်းစနစ် ပပျောက်ရေးအတွက် စပါးမျိုး စေ့ချကိရိယာ (Drum Seeder)များအား တောင်သူများလက်ဝယ် အရောက် ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် “လင်းလက်နေခြည်”စာကြည့်တိုက်သစ်အား တက်ရောက်ဖွင့်လှစ်
Jun 11,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းအိုင်အုပ်စု၊ ကျောင်းအိုင်ကျေးရွာ “လင်းလက်နေခြည်” စာကြည့်တိုက်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ရောက်ရှိကာ ဧရာ ဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊လှုမှုရေးရာဝန် ကြီး ဦးခင်မောင်ကြည်နှင့် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1418
Page
1419
Page
1420
Page
1421
Current page
1422
Page
1423
Page
1424
Page
1425
Page
1426
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department