အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်‌ဝေသာ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီကအ.မ.က(မူလွန်)၊ လုံပု၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို အိုးမြေတွင်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ချေးငွေကျပ် ၁၉၀ သိန်း ၅ သောင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Jun 12,2025
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နေ့လယ် (၁) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ‌‌၀က်၀ံကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ၀က်ဝံကျေးရွာအ‌ခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒါလီမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Jun 12,2025
ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
Jun 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမ၌ တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်၊ စွန့်ပစ်ပစွည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ခန်းမကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်နေ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
Jun 12,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများမှ ထွက်ရှိသည့် ဒေသထွက်ရာသီပေါ်သီးနှံများကို ရှာဖွေစားသောက်ရောင်းချနေလျက်ရှိကြသည့် ကြိုးဝိုင်းအနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသနေရွာသူ၊ ရွာသားများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jun 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (Community Center)ခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။