ပိုင်ကျုံမြို့၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေး 

ပိုင်ကျုံ   ဖေဖော်ဝါရီ 

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုကြိုတင်ကာကွယ်နိုင်ရန် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများတို့က မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင် အသားဝါဘီ၊   ဦးနှောက်အ‌မြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊  ဂျိုက်သိုးရောဂါစသည့် ကာကွယ်ဆေးများကို ထိုးနှံ တိုက်‌ ကျွေးပေးခဲ့သည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်လက်ကျန်းမာရေးဌာနတွင် အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတို့၏ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းလုပ်ငန်းကို ယခင်က လစဉ် ၆ ရက်နှင့် ၇ ရက်တွင် ထိုးနှံဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် လစဉ်  ၃ ရက်နှင့် ၄ ရက်တွင်  ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နော်ခူး(ပြန်/ဆက်)