ပူတာအို အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေးနှင့် နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေးနိူးဆော်ခြင်းများကို ယမန်နေ့ နံနက်(၇) နာရီက ပူတာအိုမြို့ မြို့မဈေးနှင့်နံနက်ခင်းဈေး၌ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၏ ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများက မြို့မဈေးနှင့် နံနက်ခင်းဈေးတွင် ဈေးရောင်း ဈေးဝယ်ပြည်သူများနှင့် လမ်းသွား လမ်းလာပြည်သူများကို နှာခေါင်း စည်း(Mask)အခု (၁၀၀၀)အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး၊ အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်သွားလာရေး၊ လူစုလူဝေးရှောင်ရှားရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာ မြို့နယ်လဝကရုံး များသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)