ညောင်တုန်း အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ တိုင်းဒေသကြီးအဝင် ပန်တိုင် စစ်ဆေးရေး ဂိတ်၌ နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် စပ်လျဉ်း၍ မိဘပြည်သူများအား အသိပေးပန်ကြားချက် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ သည်။
အဆိုပါမြေစိုက်ပိုစတာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ပျက်စီခြင်း၊ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများနှင့် ပတ်သက်သည့် အချက်အလက်များအား နီးစပ်ရာ မြို့နယ် ဦးစီးမှူးရုံးများတွင် သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလ ကျော်လွန် ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် စပ်လျဉ်းသည့် အသိပေးပန်ကြားချက်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)