အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက် ရဲမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယနေ့ နံနက် (၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Oct 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း တောင်ကျချောင်းရေများ ဝင်ရောက်မှုမရှိစေရေးအတွက် ကွင်းပတ် ကျောက်စီ၊ အုတ်စီရေတား မြေတားမြောင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ‌ငွေဖြင့်ဆောင်ရွက်ခဲ့ရာလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
Oct 14,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ၊ မဲရုံအရေအတွက်နှင့် မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲတစ်နာရီက ဝါရီရူခန်းမ၌ ကျင်းပခဲ့သည်။
Oct 14,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ အေးရှားဝေါလ်တိုးဂိတ်၊ ကွန်တိန်နာဝန်းတွင် ယမန်နေ့ညနေ(၄)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွှန့်ဦးဦးဆောင်၍ ကွန်တိန်နာယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်(၂၀)ဦးတို့အား
Oct 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကူးစက် ပျံနှံ့လာမှုအား ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ Mask Campaign အဖြစ် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဒေးဒရဲ- ဖျာပုံ- ရန်ကုန် ကားလမ်းမဆုံနှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
Oct 14,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင်း၌ Mask Campaign အရှိန်မြင့်တင် ဆောင်ရွက်မှုလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့က ဘရန်ခူးရပ်ကွက် စုပေါင်းဂိတ်နှင့် လူစည်ကားသော နေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Oct 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရေချိုသယံဇာတနှင့် ရေချိုကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
Oct 14,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈) နာရီက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။