ဆွမ်ပရာဘွမ်မြို့ စုပေါင်းဂိတ်နှင့် လူစည်ကားသော နေရာများ၌ Mask Campaign လုပ်ငန်းအရှိန်မြင့်တင် ဆက်လက်ဆောင်ရွက်

ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင်း၌ Mask Campaign အရှိန်မြင့်တင် ဆောင်ရွက်မှုလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့က ဘရန်ခူးရပ်ကွက် စုပေါင်းဂိတ်နှင့် လူစည်ကားသော နေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Mask Campaign ဆောင်ရွက်မှုလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် သွားလာ ဖြတ်သွားကြသော မိဘပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၌ အတူတကွ ပူးပေါင်းပါဝင်ကြရန် Mask များကို ပေးအပ်ပြီး အသိပညာများ ပေးခြင်းဖြင့် Mask များကို စနစ်တကျ တပ်ဆင်သွားလာစေကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ရပ်ကျေးစာရေးများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရှိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)