မြစ်ကြီးနား အောက်တိုဘာ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈) နာရီက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တပ်နယ်မှ တပ်နယ်တာဝန်မှူး ဗိုလ်မှူးနှင်းစိုးနှင့် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ လူစည်ကားရာ နေရာဖြစ်သည့် ဈေး(၁)၊ (၂) အနီး မင်းရပ် ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ ပြည်သူ့ရင်ပြင်အရှေ့ လမ်းမပေါ်၌ ဖြတ်သန်း သွားလာသည့် ပြည်သူများအား နှာခေါင်းစည်းအခုရေ (၁၀၀၀) ခန့် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)