ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း အေးရှားဝေါလ်တိုးဂိတ် ကွန်တိန်နာဝန်းအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြော

ဗိုလ်တထောင်      အောက်တိုဘာ   ၁၄

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ အေးရှားဝေါလ်တိုးဂိတ်၊ ကွန်တိန်နာဝန်းတွင် ယမန်နေ့ညနေ(၄)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွှန့်ဦးဦးဆောင်၍ ကွန်တိန်နာယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်(၂၀)ဦးတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်းမပြုလုပ်ရန်နှင့် စည်းကမ်းမဲ့ယာဉ်ရပ်နားပါက ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရေးယူမည်ဖြစ်ကြောင်း အသိပညာပေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

ထိုသို့ဆောင်ရွက်မှုကို ဗိုလ်တထောင်မြို့နယ် အမှတ်(၃၃)ယာဉ်ထိန်းအဖွဲ့၊ မြို့နယ်စည်ပင်လမ်းတံထားအဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်မြတ်သူ(ဗိုလ်တထောင်)