အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် သတ်မှတ်စည်းကမ်းနှင့် အညီမောင်းနှင်စေရေးရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မေတ္တာမီးအိမ် စာကြည့်တိုက်တွင်ပြုလုပ်ခဲ့သည်။
Oct 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ၊ Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားထားသော ဘဝချမ်းသာစာအုပ်ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
Oct 13,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျေးရွာ(၁၀)ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့နေ့လယ်ပိုင်းက ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ ဒုရင်ဒုဘိုကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 13,2022
ပြည်မြို့နယ်၊ လက်ပံတောကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း(၇၅.၄၄၅)သန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေဧက ၁၂၀၀ ကျော်နှင့် လမ်းပန်းဆက်သွယ်သွားလာရေးအတွက် အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Oct 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Oct 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများအား ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ  တာဝန်ရှိသူများက ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှသိရသည်။
Oct 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများမှ သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ရက်တွင် စာအုပ်စာစောင်များလာရောက် ဖတ်ရှုလေ့လာခြင်း၊ ငှားရမ်းခြင်းနှင့် ပြသထားသော ပြတိုက်ငယ်(Mini Museum)အား စာကြည့်တိုက်ဖွင့်ရက်များတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။