မိုင်းဆတ်မြို့၌ ရေချိုသယံဇာတနှင့် ရေချိုကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk show ဆွေးနွေးပွဲ ကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရေချိုသယံဇာတနှင့် ရေချိုကာကွယ်ထိန်းသိမ်းရေး အသိပညာပေး Talk show ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မြန်မာနိုင်ငံ၏ ရေချိုသယံဇာတနှင့် ရေချိုကာကွယ်ထိန်းသိမ်းရေးနည်းလမ်းများကို ပြည်သူများ အကျယ် တဝင့်သိရှိစေရန်၍ မြန်မာနိုင်ငံ၏ ရေချိုသယံဇာတများနှင့် ရရှိသုံးစွဲနိုင်မှုအခြေအနေများ ကိုလည်းကောင်း၊ ရေချိုဂေဟစနစ်၏ အရေးပါပုံကိုလည်းကောင်း၊ ရေချိုသံဇာတများ ရှားပါး လာရခြင်းအကြောင်းအရင်းများကိုလည်းကောင်း၊ ရေချိုသယံဇာတများ စဉ်ဆက်မပြတ်သုံးစွဲနိုင်ရန် ကာကွယ်ထိန်းသိမ်းရမည့် နည်းလမ်းများကိုလည်းကောင်း မေးမြန်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီရိအောင်က မြန်မာနိုင်ငံသည် ရေချိုသယံဇာတ ပေါကြွယ်ဝသောနိုင်ငံဖြစ်ကြောင်း၊ ရေချိုဂေဟစနစ်သည် ကမ္ဘာပေါ်ရှိ လူဦးရေသန်းထောင်ချီ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အဓိကထောက်ပံ့ပေး နေကြောင်း၊ သန့်ရှင်းသော ရေချိုကောင်းကို စဉ်ဆက်မပြတ်သုံးစွဲနိုင်ရန် ရေဆိုးမိလ္လာကန် များကြောင့် ရေသန့်ဂေဟစနစ်ကို မညစ်ညမ်းစေရေး၊ ရေအရင်းအမြစ်အသုံးချမှုကို စနစ်တကျ ထိန်းချုပ်သုံးစွဲရေး၊ ရေဆိုးသန့်စင်မှုစနစ်ကို ကောင်းစွာ ဖန်တီးသုံးစွဲရေး စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)