Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှည်းကူးမြို့နယ်၌ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာကျောင်းများရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 ထိုးနှံပေးလျက်ရှိ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)JN1ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် သူနာပြုတက္ကသိုလ် ပင်မဆောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၁၁) ရပ်ကွက်၊ သူနာပြုတက္ကသိုလ် ပင်မဆောင်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer JN 1) ကို ယနေ့နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 12,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ် (၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် ဇွန် ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ (၂)ထပ်ဆောင်၌ ကာကွယ်ဆေးအားထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 12,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော ရာမညလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများသို့သွားရောက်၍အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jun 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ် သရက်တောကျေးရွာ၌သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျုံဒရယ်ကျေးရွာ RHC ၊ သမင်ခြံ SC ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်က သရက်တောကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် အ-ထ-က(၁)တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းများ ဆောင်ရွက်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမတွင် ယနေ့ နေ့လယ် (၁၂)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1407
Page
1408
Page
1409
Page
1410
Current page
1411
Page
1412
Page
1413
Page
1414
Page
1415
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department