Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မွန်ပြည်နယ်ဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်
Jun 12,2025
၂၀၂၅ ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် ကျရာက်သည့်နှစ်(၃၀)ပြည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် ရှမ်းကွင်းကျေးရွာ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကျင်းပ
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာကို ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က ရှမ်းကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌၊ ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၁၀ ရက်နေ့ နံနက် (၁၁) နာရီက ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတိဆိုပြိုင်ပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ
Jun 12,2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအထိမ်းအမှတ်ဖြင့် ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်ရုံးတို့မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်
Jun 12,2025
န်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(CommunityCentre)တွင် ဇွန်လ ၁၁ ရက်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဝန်ထမ်းများစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေခြင်း၊ ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကိုသိရှိနား လည်စေခြင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများရရှိစေရန်ရည်ရွယ်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်(၁၀)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ ထီပါလယ်သောင်းတန်ကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီ တောင်ဘက်ပိုင်းရပ်ကွက်၊ သီရိမင်္ဂလာ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ဆင့်ပွားသင်တန်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌ ကျင်းပ
Jun 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပကြောင်း သိရသည်။အခမ်းအနားတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျောင်းကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ယခုကျောင်းဖွင့်ရာသီရောက်ရှိလာပြီး ကျောင်းသား/ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို မိမိတို့ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ကျောင်းသား/ကျောင်းသူများ ၊မိဘများ၊ ကျောင်းအကျိူတော်ဆောင်များ လက်တွဲညီညီဖြင့် ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရန်အချက်များ၊ ကျန်းမာမှ ပျော်ရွှင်မှုသုခကို အပြည့်အဝခံစားနိုင်ပြီး နိုင်ငံအတွက် ကျန်းမာကြံ့ခိုင်တဲ့ကို ပညာရည်ချွန် လူရည်မွန်များ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်၀န်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ်ကင်းဝေးရေး လုပ်ငန်းများအကြောင်းများစသဖြင့် ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ကျောင်းကျန်းမာရေး လုပ်ငန်းများအားစနစ်တကျ ပေါင်းစပ်လုပ်ကိုင်မည့် အခြေအနေများ ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1411
Page
1412
Page
1413
Page
1414
Current page
1415
Page
1416
Page
1417
Page
1418
Page
1419
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department