Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီမြို့၊ ရပ်ကွက်(၅)ခုမှ ယာယီနေရပ်စွန့်ခွာသူ (၂၀၄၈)ဦးအား ဆန်အိတ်(၃၅၈)အိတ် ထောက်ပံ့ပေးအပ်
Jun 13,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၅) ခုမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) မျိုးစပါး ၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ်ချီးမြှင့်ငွေများ ထောက်ပံ့
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ငလျင်ဘေးဒဏ်ထိခိုက်နစ်နာသူများအတွက် တောင်သူများအား ဧရာမင်းမျိုးစပါး၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ်ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်
Jun 13,2025
ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အခြေခံစာကြည့်တိုက်ပညာသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ရေဘေးအန္တရာယ်ကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရေဘေးကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် စနိုးကွင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jun 13,2025
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် စနိုးကွင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စနိုးကွင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်…
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း ပြုလုပ်ခြင်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-ပြည် လမ်းမကြီးတစ်လျှောက်နှင့် အိုးတန်းရပ်ကွက်၊ တောင်မြို့ပတ်လမ်းတို့၌ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 13,2025
ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာပြည်သူများ၏ စုပေါင်းဆောင်ရွက်မှုဖြင့် တစ်ပိုင်တစ်နိုင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၈)နာရီက ကျေးရွာအဝင်လမ်းဘေးနှင့် အခြေခံပညာမူလတန်းကျောင်းဝင်းတွင် ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မိုးစပါးရေကြီးနစ်မြှုပ် ပြန်လည်စိုက်ပျိုးခဲ့မှုများအား သဘာဝဘေးအစီအမံဖြင့် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရေကြီးနစ်မြှုပ်၍ ပြန်လည်စိုက်ပျိုးခဲ့သည့် တောင်သူများအား သဘာဝဘေးအစီမံဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲကို ဇွန်လ ၁၀ ရက်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1405
Page
1406
Page
1407
Page
1408
Current page
1409
Page
1410
Page
1411
Page
1412
Page
1413
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department