Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jun 13,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနှင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့ဝင်/မြို့ထွက်များနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာစစ်ဌာန (၅) နေရာ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး
Jun 13,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုကြမည့် စာစစ်ဌာန (၅) နေရာ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အဆိုပါကျောင်းများ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ မူကြိုအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 13,2025
မိတ္ထီလာမြို့ လူထုအခြေပြုဗဟို၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မူကြိုအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ဓာတ်အားဖြန့်ဖြူးစနစ် ပိုမိုကောင်းမွန်စေရေးနှင့် ဓာတ်အားလေလွင့် ပျောက်ဆုံးမှုလျော့နည်းစေရေး ဆောင်ရွက်
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဓာတ်အားဖြန့်ဖြူးစနစ် ပိုမိုကောင်းမွန်စေရေးနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျော့နည်းစေရေး ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ(၃၁)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှ…
Jun 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သူနာပြု-သားဖွားဒီပလိုမာ(၃၁)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၉ ရက်နေ့နံနက်ပိုင်းက စဥ်ငူရပ်ကွက်အတွင်းရှိလူနေအိမ်တို့တွင် ကျန်းမာရေးဌာနခွဲက စုပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များတို့တွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1403
Page
1404
Page
1405
Page
1406
Current page
1407
Page
1408
Page
1409
Page
1410
Page
1411
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department