လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် အ‌ခြေခံဓာတ်ပုံပညာသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်

လားရှိုး ဖေဖော်ဝါရီ ၅

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့ပူး‌ပေါင်း၍ အခြေခံဓာတ်ပုံပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် (၉)နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

‌ရှေ့ဦးစွာ သငဖတန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အခြေခံဓာတ်ပုံပညာသင်တန်း ဖွင့်လှစ်ပေးသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းအား ဖွင့်လှစ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်း‌နေလှိုင်က Photography ၏ အဓိပ္ပာယ်၊ လက်ရှိအသုံးပြုနေသော Digital Camera အမျိုးအစားများ၊ Camera ဖွဲ့စည်းပုံနှင့် Setting များ၊  ဓာတ်ပုံများကို ပုံဖော်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အရာများ၊ လက်တွေ့ဓာတ်ပုံရိုက်ကူးနည်းများ စသည့်အကြောင်းအရာများအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါ အခြေခံဓာတ်ပုံပညာသင်တန်း (၁/၂၀၂၆)အား ဖေဖော်ဝါရီလ ၃ ရက်နေ့မှ  ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)