အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 25,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
Oct 25,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Oct 25,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဘားအံမြို့ အမှတ် (၁) ရပ်ကွက်၊ ကျော်ဇေယျလမ်းရှိ အဆိုပါဆေးရုံကြီး တိုးချဲ့ဆောင်သစ်ရှေ့၌ ကျင်းပသည်။
Oct 25,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ဦးဆောင်ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၂)(၃)ဆင်းပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်-၅ နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်-၁၉ သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
Oct 25,2022
တောင်သူများ၏ အကျိုးစီးပွားပိုမို ဖြစ်ထွန်းရန်နှင့် ပြည်သူများအတွက် ကျန်းမာရေးကောင်းမွန်သည့် စားသုံးဆီဖူလုံစွာ ရရှိစေရန်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူ ပညာပေး ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။