အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပညာရေးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 25,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထူးကဲဒီရေမြင့်တက်ပြီး ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု၊ ဟိန္ဒူရွာသစ်တွင် ယမန်နေ့ ညနေ ၁၀ နာရီ ခွဲအချိန်ခန့်က နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Oct 25,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Oct 25,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်အစီအစဉ်ဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်(၇)နာရီအချိန်က မတ္တရာမြို့အထွေထွေအုပ်ချု်ပရေးဦးစီးဌာနရုံးအနီးတွင် ရောင်းချပေးခဲ့သည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ပပဝတီကွက်သစ်၊ အကွက်အမှတ်(၃၃၈၊ ၃၃၉)ရှိ တိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးဝန်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဗဟိုစာရင်းအင်းအ‌ဖွဲ့နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ယူတည်‌ဆောက်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Oct 25,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးနှောင်းကာလ ပဲတီစိမ်းများစိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ရင့်မှည့်သဖြင့် ရိတ်သိမ်းခူးဆွတ်၍ စျေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
Oct 25,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မြေနီကျောက်စရစ်လမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်‌နေ့ မွန်းလွဲ ၁ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာသန်းစွမ်းစေရန်အတွက်  ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။