Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 13,2025
စစ်ကိုင်းတိုင်းဒေသကြီး ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့အမှတ် (၉)မူးယစ်တပ်ဖွဲ့စု ဟုမ္မလင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဟုမ္မလင်းမြို့နယ်၊ခေါင်ခမ်းအုပ်စု၊ နားနှုံးကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Jun 13,2025
မကွေးတိုင်းဒေသကြီး၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဆပ်ကော်မတီ(၈)ရပ်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ ပိုင်ရှင်/ မန်နေဂျာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် လယ်ဧက ၄၃၀ အတွက် သွင်းအားစု ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့်ညီမျှသော မျိုးစပါး/ သွင်းအားစုများ ပေးအပ်
Jun 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှ မြို့နယ်အတွင်းရှိ လယ်ဧက ၄၃၀ အတွက် သွင်းအားစုဖိုး ပံ့ပိုးငွေကျပ် သိန်း ၈၆၀ နှင့် ညီမျှသော မျိုးစပါး/သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့ ဂနိုင်ကန်လမ်းဆုံအနီးရေမြောင်းနှင့် လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 13,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဇွန်လ(၁၁)ရက်နေ့ ညနေ(၄)နာရီက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ရိုးစီရေမြောင်းလုပ်ငန်းများ၊ ပလက်ဖောင်းပြုပြင်ဆောင်ရွက်နေမှုနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လုပ်ငန်းများကိုအချိန်မီပြီးစီးနိုင်ရန် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း အမှိုက်ကန်များလည်း ဆောင်ရွက်ထားရှိပေးရန်လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာ၊ စက်မှုဇုန်(၄)၌ မီးလောင်မှုဖြစ်ပွား
Jun 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာ၊ စက်မှုဇုန်(၄)၊ နှင်းဆီလမ်း၊ မြေကွက်အမှတ်(၄)၌ ယမန်နေ့နေ့လယ် ၁:၄၅ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး စာဖြေဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိ
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး စာမေးပွဲဖြေဆိုမည့် စာဖြေဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း
Jun 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ယမန်နေ့ နံနက် ၉ နာရီက လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းတံတားများ ပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 13,2025
အမရပူရခရိုင်၊ အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် တံတားလယ်ရပ်ရှိ စစ်ကိုင်း-မန္တလေးသွားလမ်းမကြီးသည် မန္တလေးငလျင်နှင့် မိုးရေချိန်များမှုကြောင့် လမ်းများ ပျက်စီးနေမှုကို ပြုပြင်ဆောင်ရွက်လျက်ရှိသည့် နေရာနှင့် ဇွန်လ ၁၀ ရက်က ရွာသွန်းခဲ့သည့် မိုးရေချိန်ကြောင့် မှန်တန်းရပ်၊ အေးဇရပ်ရပ်ကွက်ထိပ်ရှိ စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ကျုံးကူရေးဆိုးထုတ် ပြွန်ပြိုကျပျက်စီးလုနီးပါး ဖြစ်နေ၍ ပြန်လည်ပြုပြင်နေသည့် နေရာများသို့ ဇွန်လ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1400
Page
1401
Page
1402
Page
1403
Current page
1404
Page
1405
Page
1406
Page
1407
Page
1408
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department