Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စားသုံးဆီ စျေးများသတ်မှတ်စျေးအတိုင်း ရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး
Jun 13,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြို့နယ်အတွင်း ပြည်သူများအား စားသုံးဆီအရောင်းဆိုင်များမှ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိမရှိကို ယမန်နေ့ ညနေ ၂ နာရီခွဲအချိန်က နတ်ရေကန်ကျေးရွာ၊ မြစ်လောင်းကျေးရွာနှင့် စာတိုးမြို့ပြင်ကြီးကျေးရွာတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်သစ်တောဦးစီးဌာနမှ ပြည်သူများ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးပင်များဖြန့်ဝေပေးလျက်ရှိ
Jun 13,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သစ်တောဦးစီးဌာနရုံးမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီကာလတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၁၀၀၀၀)ပျိုးထောင်ထားရှိပြီး ပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ
Jun 13,2025
ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ မြို့မစျေးမြောက်ဘက်ဆိုင်ကယ်ရပ်နားသည့်နေရာတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် လုပ်ငန်းကော်မတီ (၈) ရပ်တွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် Pfizer COVID-19 JN 1 ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Jun 13,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Jun 13,2025
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမြင့်ဦး၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယတန်း၊ အစိုးရပါဠိ ပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် စာအောင် ဆုတော်ငွေများ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်းဆေးဖြန်းခြင်းများ ဆောင်ရွက်
Jun 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ ဇွန်လ ၁၃ ရက်နေ့ နံနက်က ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေး
Jun 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1401
Page
1402
Page
1403
Page
1404
Current page
1405
Page
1406
Page
1407
Page
1408
Page
1409
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department