Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မေလ (၁၃)ရက်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်း စစ်ဆေးခြင်းများ ဆောင်ရွက်
Jun 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်မီတာသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ စိုက်ထည့်ပေးခြင်း အခမ်းအနားကျင်းပ
Jun 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ စိုက်ထည့်ပေးခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာန ရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်မိုးသူဇာမောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့ အ.ထ.ကကျောင်း၏ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲ အခမ်းအနားပြုလုပ်
Jun 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ ကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Jun 13,2025
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်များနှင့် မန္တလေးတက္ကသိုလ်ကျောင်းရှိ ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျွန်းစုမြို့၌ ဆောင်ရွက်
Jun 13,2025
ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (World Day Against Child Labor) ကို နှစ်စဉ် ဇွန်လ ၁၂ ရက် တွင် ကမ္ဘာတစ်ဝှမ်းလုံး၌ သတ်မှတ်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ ကလေးများ၏ အခွင့်အရေးကို ကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းနောင်မြို့ (Community Centre) တွင် ဥာဏ်ရည်မြှင့် ဂိမ်းကစားနည်း ပြိုင်ပွဲပြုလုပ်ဆောင်ရွက်
Jun 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး Community Centre တွင် သားငယ်၊ သမီးငယ်များ ကျန်းမာကြံ့ခိုင်၍ ဥာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဥာဏ်ရည်မြှင့်ဂိမ်းကစားနည်း ပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1399
Page
1400
Page
1401
Page
1402
Current page
1403
Page
1404
Page
1405
Page
1406
Page
1407
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department