အမြို့မြို့အနယ်နယ်သတင်းများ

Oct 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Oct 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ချောင်းသုံးခွ(အောက်)ကျေးရွာ ကွင်းအမှတ်(၁၂၀၀) ဦးပိုင်အမှတ်(၆၀) တောင်သူဦးထွန်းထွန်းဦး၏ ဆင်းသုခမိုးစပါးစိုက်ခင်း(၁၀)ဧက၌ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Oct 30,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယခုနှစ်အတွက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇနှင့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည့် ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်က သထုံမြို့၊ နန္ဒဝန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
Oct 30,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တောကျွဲအင်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍  ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 30,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယမန့်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Oct 30,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်ဆက် ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက စမ်းချောင်းရပ်ကွက် ဗောဓိတိုက်ကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။
Oct 30,2022
ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ကြီးမှူးဦးဆောင်၍ မန္တလေးမြို့နေ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင် တရုတ်မျိုးနွယ်စုများ၊ ယူနန်ဘုရားကျောင်း၊ ကြင်းတော်ယန်ဗုဒ္ဓဘာသာပရဟိတအသင်း၊ ဖုကျင့်၊ ကွမ်တုံ၊ လူမျိုးစု၊ တရုတ်အမျိုးသမီးရေးရာအသင်းတို့ ပူးပေါင်းကျင်းပသော သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော်လှူဒါန်းပွဲနှင့် ရေစက်ချအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀ ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် ပြုလုပ်သည်။
Oct 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။