ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ်

ကျောက်တံခါး  အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တောကျွဲအင်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍  ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းကို ဆင်းရဲနွမ်းပါးမှုမှသက်သာစေရန် ရည်ရွယ်ချက်ဖြင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်စုမှူးများက ကျောင်းသားကျောင်းသူများအား စာတွေ့လက်တွေ့ဖြင့် သုံးရက်ကြာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။

ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းသို့ တက်ရောက်ထားသော ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်ဝန်းကျင်ရှိ ပြည်သူများအားကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အခြေခံရှေးဦးပြုစုနည်းဖြင့် ကူညီကယ်တင်စောင့်ရှောက်ပေးနိုင်မည်ဖြစ်ပြီး သင်တန်းသို့ ကြက်ခြေနီလုပ်ငန်းအားစိတ်ပါဝင်စားသူ ကျောင်းသားကျောင်းသူ(၃၅)ဦး တက်ရောက်ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)