ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ဥတ္တရသီရိ အောက်တိုဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေကို ခေါ်တာလဲ၊ ကလေးအလုပ်သမားပပျောက် ရေးက ဘာကြောင့်အရေးကြီးတာလဲ၊ ကလေးအလုပ်သမားတွေကို အလုပ်ခိုင်းစေတဲ့အခါ ဘယ်လို သတ်မှတ်ချက်တွေနဲ့ ခိုင်းစေသင့် သလဲ၊အဆိုးရွားဆုံးပုံစံနဲ့ခိုင်းစေခံရတဲ့ ကလေးတွေကို အကာကွယ်ပေးထားတဲ့ ဥပဒေများအကြောင်းနှင့် ကလေးအလုပ်သမားများ လျော့ချဖို့ ဆောင်ရွက်သင့်တဲ့နည်းလမ်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မိဘပြည်သူများ လိုက်နာရမည့် အချက်များအကြောင်းကို  ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာဟိန်း(ခရိုင်ပြန်/ဆက်)