အောင်လံခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကျင်းပ

အောင်လံ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်ဆက် ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက စမ်းချောင်းရပ်ကွက် ဗောဓိတိုက်ကျောင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များမှ ငါးပါးသီလခံယူကာ ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန် ပဒေသာပင်စုစုပေါင်းတန်ဖိုးငွေကျပ် ၈,၅၅၅,၂၀၀/-(ကျပ်ရှစ်ဆယ့်ငါးသိန်းငါးသောင်းငါးထောင်နှစ် ရာတိတိ)ဖြစ်ပါသည်။ ဆက်လက်၍ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်မဟာသဒ္ဓမ္မဇောတိကဒဇ အရှင်ဇောတိက(ရခိုင်ကျောင်းတိုက်)ထံမှ သံဃာများအားရည်စူး၍ လှူဒါန်းမှုအစုစုအတွက်ရေစက်တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)