Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း "အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေး" လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်…
Feb 06,2026
မွန်ပြည်နယ်၊ "အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေး" လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုလို လူငယ်စကားဝိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကျောင်း၊ လူမှုပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝတွေမှာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာနိုင်ခြင်း၊ အခြေခံစည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းရဲ့အကြောင်းအရင်းများနဲ့ အဂတိလိုက်စားမှုအန္တရာယ်တွေကို သိရှိနားလည်နိုင်မှာပဲဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကောင်းမွန်သောကိုယ်ကျင့်တရား၊ ဖြောင့်မတ်တည်ကြည်မှု၊ လူမှုတန်ဖိုးများ၊ လူမှုကျင့်ဝတ်များကို လေးစားလိုက်နာတတ်စေရန်နဲ့ အမှားအမှန်ခွဲခြားတတ်စေရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းတွေမှာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment အစီအစဉ်များ၊ လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပတဲ့ လူငယ်စကားဝိုင်းမှ ကောင်းမွန်တဲ့ရလဒ်တွေ၊ ဆန်းသစ်တဲ့အမြင်တွေထွက်ပေါ်လာပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ လူငယ်များအားတတ်သရော ပါဝင်လာနိုင်စေဖို့လည်း မျှော်လင့်မိပါကြောင်းနှင့် အဂတိလိုက်စားမှုကို ရဲရဲဝံဝံဆန့်ကျင်တဲ့ နိုင်ငံချစ်စိတ်ရှိတဲ့ လူငယ်မျိုးဆက်သစ်တွေ အများအပြားပေါ်ထွက်လာပါစေကြောင်းနဲ့ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းကို အတူတကွတည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့…
Feb 06,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများသည် ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ Grade–6 ၊ Grade–7 Grade–8 ၊ Grade–10 ၊ Grade –11 ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာ ပေးနှိုးဆော်
Feb 06,2026
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်ရှိပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိရပ်ကွက်များ၌ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Feb 06,2026
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက နတ်မှော်ကျေးရွာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့၌ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲအခမ်း…
Feb 06,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် သစ်တောပြုန်းတီးမှုမှကာကွယ်ရေး ထိန်းသိမ်းစောင့်ရှောက်ထားသည့် သဘာဝတောကျန် ဧက ၁၀၀ အား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Feb 06,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမှကာကွယ်ရေး ထိန်းသိမ်းစောင့်ရှောက်ထားသည့် သဘာဝတောကျန် ဧက ၁၀၀ အား ကျောက်ဆည်ခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးဝင်းဘိုနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို
Feb 06,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၉ နာရီ မှစ၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးငြိမ်းသတ်ခြင်းဆောင်ရွက်
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲက မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1397
Page
1398
Page
1399
Page
1400
Current page
1401
Page
1402
Page
1403
Page
1404
Page
1405
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department