Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့မှူးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းတွင်း စစ်ဆေးခြင်း တတိယနေ့အဖြစ် သင်္ချာဘာသာရပ် အားအေးချမ်းစွာဖြေဆို
Feb 06,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တတိယနေ့ (သင်္ချာ) ဘာသာရပ်အားရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖြေဆိုလျက်ရှိကြေင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၌ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုမြင့်မားစေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 06,2026
ပျော်ဘွယ်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 06,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် တောင်ရိုးကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြာပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ၇၂၅၀/- ကျပ်နှုန်းဖြင့် ရောင်းချပေး
Feb 06,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ၇၂၅၀/- ကျပ်နှုန်းဖြင့် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားဝန်းကွင်းတွင် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ တီဘီ ရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချို ရောဂါဝေဒနာရှင်များအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၉) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲ ပြုလုပ်
Feb 06,2026
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၉) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၇ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမင်းအောင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ကျူရိုးတံမြက်စည်းထိုးနှံခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Feb 06,2026
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စပါယ်ချောင်ကျေးရွာအုပ်စုတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သော တစ်နိုင်တစ် ကျူရိုးတံမြက်စည်းထိုးနှံခြင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီက လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်အတွင်းရှိ ရွှေအရောင်းဆိုင်များနှင့် ကုန်မာပစ္စည်းအရောင်းဆိုင်များတွင် အခွန်တံဆိပ်များ ကပ်နှိပ်ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Feb 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ရတနာရွှေဆိုင်များနှင့် ကုန်မာဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပစ္စည်းများအား အခွန်တံဆိပ်ခေါင်းများ ကပ်နှိပ်ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပေးဟောပြောခြင်းလုပ်ငန်းများအား ယမန်နေ့နံနက် (၁၀) နာရီ မြို့နယ်အခွန်အထောက်အကူပြုကော်မတီဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1396
Page
1397
Page
1398
Page
1399
Current page
1400
Page
1401
Page
1402
Page
1403
Page
1404
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department