အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အသိပညာပေးသရုပ်ပြခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် မဇင်နှင့် မြပြင်ရပ်ကွက်တို့၌ ပြုလုပ်ခဲ့သည်။
Nov 18,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဂွချောင်းတံတားဖွင့်ပွဲပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။
Nov 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းစပါး (၄၁၀၀၀) ဧက၊ မနောသုခ (၈၀၀၀) ဧက၊ ရွှေမနော် (၃၀၀၀) နှင့် ဆင်းသုခ (၈၁၇) ဧက စုစုပေါင်း မိုးစပါး (၅၂၈၁၇) ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
Nov 18,2022
၂၀၂၂ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ္တမြား ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
Nov 18,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရာ ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်ငြိမ်းအိအိလှိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံသမိုင်း၊ အမျိုးသားအောင်ပွဲ့နေ့ ဦးတည်ချက်များနှင့် ပညာရေးမျှော်မှန်းချက်များ ဟောပြောခဲ့သည်။
Nov 18,2022
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။
Nov 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားခန်းမဆောင်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။