မင်းတုန်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်

မင်းတုန်း နိုဝင်ဘာ ၁

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရာ ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်ငြိမ်းအိအိလှိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံသမိုင်း၊ အမျိုးသားအောင်ပွဲ့နေ့ ဦးတည်ချက်များနှင့် ပညာရေးမျှော်မှန်းချက်များ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆိုခဲ့ကြပြီး ကျောင်းသား/သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)